သဘာဝအတိုင်း ခန္ဓာကိုယ်အလေးချိန်လျှော့ချနည်း..
အ၀လွန်ခြင်းဟာ ရောဂါတစ်မျိုးဆိုရင် သဘာဝနည်းလမ်းတွေနဲ့ အလေးချိန်လျှော့ချဖို့ ကြိုးစားကြည့်ရအောင်။
1) အသီးအနှံတွေနဲ့ အစိမ်းရောင်လွှမ်းတဲ့ ဟင်းသီးဟင်းရွက်တွေဟာ ကယ်လိုရီပါဝင်မှု နိမ့်ကျတဲ့ အစားအစာတွေဖြစ်ပါတယ်။ ဒါ့ကြောင့် အ၀လွန်သူတွေအနေနဲ့ ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံတွေကိုများများနဲ့ မကြာခဏဆိုသလို စားသုံးသင့်ပါတယ်။
2) ဆား ဟာလည်း ခန္ဓာကိုယ်အလေးချိန်ကိုတိုးပွားစေတဲ့ အကြောင်းတစ်ရပ်ဖြစ်တာကြောင့် အငန်ကြိုက်သူတွေအတွက်တော့ သတိထားရမည့် အချက်ဖြစ်ပါတယ်။
3) ချိစ်နဲ့ ထောပတ်ကဲ့သို့သော နို့မှရသောပစ္စည်းများဟာလည်း အဆီဓာတ်ပါဝင်မှုမြင့်မားတာကြောင့် သူတို့ကိုလည်း ရှောင်ကြဉ်သင့်ပါတယ်။ အသားငါးတို့ကိုများစွာ စားသုံးခြင်းနဲ့ အခြား ဟင်းသီးဟင်းရွက်မဟုတ်သော အစားအစာမျိုးတွေကိုလည်း ရှောင်ကြဉ်သင့်ပါတယ်။
4)ဟင်းခတ်အမွှေးအကြိုင်တွေဖြစ်တဲ့ ဂျင်း၊ သစ်ကြမ်းပိုးခေါက်နှင့် ငရုတ်ကောင်းစသည်တို့ကို ဟင်းချက်ရာမှာ ရောစပ်စားသုံးခြင်းဟာ အလေးချိန်လျှော့ချဖို့ ကောင်းမွန်ပါတယ်။
5)ထမင်းနှင့် အာလူးကဲ့သို့သော ကာဗွန်ဟိုက်ဒြိတ်ပါဝင်မှုမြင့်သော အစားအစာများကို ဂျုံပဲသီးနှံများနှင့်တွဲဖက်စားသုံးခြင်းမှ ရှောင်ကြဉ်သင့်ပါတယ်။
6)ကြက်ဟင်းခါးသီးကဲ့သို့သော ခါးသက်သောအရသာရှိသည့် အသီးအနှံများ၊ ဒန့်ဒလွန်သီးကဲ့သို့သော အသီးအနှံတွေကို စားသုံးခြင်းဟာလည်း အလေးချိန်လျော့စေပါသည်။
7) ပျားရည်ကို မှီဝဲခြင်းဟာလည်း အ၀လွန်သူတွေအတွက်တော့ အကောင်းဆုံးအိမ်သုံးဆေးတစ်လက်ဖြစ်ပါတယ်။
ပျားရည်ဟာ ခန္ဓာကိုယ်မှာ ပိုလျှံတဲ့အဆီတွေကိုစုဆောင်းပြီးတော့ ခန္ဓာကိုယ်အတွင်း လုပ်ငန်းဆောင်တာတွေပြုလုပ်ရာမှာ လိုအပ်တဲ့စွမ်းအင်အဖြစ် ၎င်းတို့ကို ပြန်လည်အသုံးဝင်အောင်ပြုလုပ်ပေးပါသည်။ တစ်နေ့ကို တစ်ဦးလျှင် အနည်းဆုံးအနေနဲ့ 10 GMs နှုန်းခန့်သုံးစွဲသင့်ပါသည်။ ဒါမှမဟုတ် လက်ဖက်ရည်ဇွန်းပမာဏခန့်ကို ရေနွေးနဲ့ သုံးဆောင်သင့်ပါသည်။ မနက်ခင်းအစောပိုင်းတိုင်းမှာ ပုံမှန်သုံးစွဲပေးသင့်ပါသည်။ လက်ဖက်ရည်ဇွန်း ပမာဏခန့် သံပရာရည်လေးလည်း ထည့်နိုင်ပါသေးတယ်။
ပျားရည်နဲ့ သံပရာရည်တို့ကို ပုံမှန်စားသုံးခြင်းဟာ အ၀လွန်ခြင်းကိုကုသရာမှာ အစာစားချင်စိတ်နဲ့ စွမ်းအင်တို့ကို မဆုံးရှုံးစေပဲ အလွန်အစွမ်းထက်အောင်ကုသပေးနိုင်ပါသည်။ ပျားရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်းကို ကြက်သီးနွေးရည်၊ သံပရာတို့ဖြင့် ရောဖက်အသုံးပြုနိုင်ပါသည်။ တစ်နေ့လျှင် သတ်မှတ်ထားသည့်အချိန်လိုက် သုံးစွဲခြင်းဖြင့် (ဥပမာ -တစ်နေ့သုံးကြိမ်) အ၀လွန်ခြင်းကို ကုသနိုင်ပါသည်။
9) ဂေါ်ဖီထုပ်ဟာလည်း ခန္ဓာကိုယ်အလေးချိန်ဆုံးရှုံးဖို့အတွက် သက်ရောက်မှုရှိတဲ့ အိမ်သုံးဆေးတစ်မျိုးပါပဲ။ ၎င်းဟာ သကြားနှင့် ကာဗွန်ဟိုက်ဒြိတ်တို့ကို အဆီအဖြစ်ပြောင်းလဲခြင်းဖြစ်စဉ်ကို တားဆီးပေးပါတယ်။ ဒါ့ကြောင့် ဂေါ်ဖီထုပ်ကို ချက်စားလို့ပဲဖြစ်ဖြစ်၊ အစိမ်းပဲဖြစ်ဖြစ် စားသုံးခြင်းက ခန္ဓာကိုယ် အလေးချိန်လျှော့ကျဖို့အတွက် ကောင်းမွန်ပါတယ်။
10) ကျန်းမာရေးပုံမှန်ပြုလုပ်ခြင်းဟာလည်း အလေးချိန်လျှော့ကျဖို့အတွက် လိုအပ်ပါသည်။ လေ့ကျင့်ခန်းပြုလုပ်ခြင်းဟာ အဆီတွေအဖြစ် ခန္ဓာကိုယ်အတွင်းသိမ်းဆည်းထားသမျှကို အသုံးပြုလိုက်ခြင်းဖြစ်ပါသည်။ ပင်ပန်းနွမ်းနယ်သမျှကိုပြေပျောက်စေရုံသာမက ခန္ဓာကိုယ်က ကြွက်သားတွေကိုလည်း ပြေလျှော့စေပါသည်။ လမ်းလျှောက်ခြင်း၊ရေကူးခြင်းနှင့် လှေလှော်ခြင်းကဲ့သို့သော လေ့ကျင့်ခန်းမျိုးကို အ၀လွန်သူတွေအနေနဲ့ ပုံမှန်ပြုလုပ်သင့်ပါသည်။
11)သံပရာရည်ဟာဆိုရင်ဖြင့် အသားအရေအတွက်သာမက ခန္ဓာကိုယ်အလေးချိန်လျှော့ချဖို့အတွက်လည်း အဆင်ပြေပါတယ်။ သံပရာရည်၊ ရေနွေးနှင့်ပျားရည်တို့ကို အချိုးကျရောစပ်ပြီး အိပ်ယာထတိုင်း အစာမစားမှီ သောက်သုံးသင့်ပါသည်။
12)သင်စားသုံးမယ့် အစားအစာရဲ့ပမာဏကို (ခန္ဓာကိုယ်နဲ့လိုက်ဖက်မှုရှိအောင်)တိုင်းတာစားသုံးသင့်ပါသည်။ ဥပမာအားဖြင့် ထမင်းတစ်ပန်းကန်ဟာ သင်စားနိုင်တဲ့ ပမာဏထက် မပိုပဲ စားသုံးသင့်ပါသည်။ ၄၊ ၅ နာရီခြားတစ်ခါ ဟင်းနည်းနည်းနဲ့ စားသုံးခြင်းဟာ ဇီဝဖြစ်စဉ်ကိုအကောင်းဆုံးအထောက်အပံ့ပေးပြီး စားလိုက်တဲ့အစာတွေကို အဆီမဖြစ်အောင် ထိန်းသိမ်းကာကွယ်ပေးပါလိမ့်မည်။ ပြီတော့ တိုးပွားလာတဲ့ သင့်ရဲ့ခန္ဓာကိုယ်အလေးချိန်ကို လျှော့ကျအောင် မနက်တိုင်းလေ့ကျင့်ခန်းလေး တစ်ခု၊နှစ်ခုလောက်လည်း လုပ်ပေးသင့်ပါသည်။
Credit : General Knowledge facebook page
Tuesday, October 15, 2013
Amazing Picture
ပုံလေးက အရမ်းကို အံသြဖို့ကောင်းတယ်နော်။
Credit: General Knowledge facebook page
www.facebook.com/pages/General-Knowledge
Tuesday, September 24, 2013
ဟိုကိုင်းဒိုး ပြည်က ပန်းပွင့်တို့ရဲ့ အသက်ရှုသံ
တစ်ကယ်လို့ ခင်ဗျားက ပန်းပင်တွေကို စိတ်ဝင်စားသူတစ်ယောက်ဖြစ်ခဲ့မည်ဆိုရင် ဒါမှမဟုတ် ပြီးပြည့်စုံတဲ့ ဓာတ်ပုံတစ်ပုံကို ဖန်တီးချင်ခဲ့မယ်ဆိုရင်တော့ ဒီဓာတ်ပုံထဲက နေရာလေးက အကောင်းဆုံးဖြစ်ပါလိမ့်မည်။ ဒီဓာတ်ပုံထဲက နေရာလေးဟာ ဂျပန်နိုင်ငံ ဟိုကိုင်းဒိုးပြည်နယ်ထဲက ကမ္ဘာလှည့်ခရီးသွားတွေကို ဆွဲဆောင်မှုအရှိဆုံးနေရာလေးအဖြစ် ရပ်တည်နေတဲ့ ဟီဂါရှီမိုကိုတို ပန်းဥယျာဉ်လေးပဲ ဖြစ်ပါတယ်။ နွေဦးရောက်တဲ့အခါတော့ သွားရောက်လည်ပတ်ဖို့အကောင်းဆုံးနေရာလေး တစ်ခု ဖြစ်မယ်လို့ထင်ပါတယ်။
Credit : General Knowledge facebook page
Saturday, September 21, 2013
မင်္ဂလာပါ ခင်ဗျာ
မြန်မာပြည်သူ၊ ပြည်သားအားလုံး မင်္ဂလာပါလို့ ဒီ Blog ကနေ နှုတ်ဆက်လိုက်ပါတယ်။ ကျွန်တော်တတ်နိုင်သလောက် တွေ့ရှိသလောက် ဗဟုသုတလေးတွေကို ဝေမျှပေးချင်တဲ့အတွက် ဒီ Blog လေးကို ကြိုးစားပမ်းစား တည်ဆောက်မှာလည်း ဖြစ်ပါတယ်။ အခုအစမှာတော့ ကျွန်တော်အနေနဲ့လည်း လေ့လာခါစဆိုတော့ စုံစုံလင်လင်ရှိနိုင်မှာ မဟုတ်ပါဘူး ခင်ဗျာ။ ကျေးဇူးပြု၍ စိတ်ရှည်သည်းခံပေးကြပါလို့ တောင်းပန်အပ်ပါသည် ခင်ဗျာ။
Subscribe to:
Comments (Atom)


